တော်တော်များများ သိကြမှာပါ Blue Screen
Of Death ဆိုတဲ့ BSOD အကြောင်းကိုပြောချင်တာပါ။ ကျနော် လုံးဝမသိသေး သူတွေအတွက် ဦးတည်ပြီးပြောပါရစေ။
![]() |
This
image has been resized. Click this bar to view the full image. The original
image is sized 469x338.
|

အပေါ်မှာပြထားတဲ့ screen အပြာရောင် ကြီးကို တော်တော် များများ မြင်ဘူးကြမယ်ထင်ပါတယ်။ ဘယ်သူမှ တော့ မကြိုက်ကြလောက်ပါဘူး။ သူပေါ်လာရင် Restart ကျသွားတယ်လေ။ ဘာလို့ပေါ်ရတာလဲ ဘာလုပ်ရမလဲ ? ။ ကျနော်သိသလောက် ပြောပြပါမယ်။ BSOD က Virus file, Driver or Device error တွေကြောင့် ပေါ်နိုင်ပါတယ်။ ကျနော့် ကွန်ပြူတာ မှာ တော့ SP 2 window တင်ထားပြီ ဆိုရင် တစ်ပါတ်မှာ အနည်းဆုံး ၃ ခါတော့ BSOD ပေါ်ပါတယ်။ window လည်းပြန်မတင်နိုင်သေးဘူး ၊ BSOD ကိုလည်း မပေါ်စေချင်ရင် တော့ လုပ်လို့ရတဲ့ နည်းတစ်ခု ပြောပြပါ့မယ်။
Start - Run မှာ msconfig လို့ ရိုက်လိုက်ပါ။

ပေါ်လာတဲ့ box ရဲ့ Tag မှာ Boot.ini ကို click ပါ။ "/SOS" ကို check ပေးပြီး ok ပေးလိုက်ပါ။

ပေါ်လာတဲ့ box မှာ restart နိုပ် လိုက်ပါ ။ BSOD ကို မြင်ရတော့မှာ မဟုတ်ပါဘူး။

Blue
Screen Of Death ပေါ်ချင်ရင်
Start ကနေပြီး Run ကို နိုပ်ပါတယ်။ Run မှာ regedit လို့ ရိုက်ထည့်လိုက်ပါတယ် ။ အောက်ပါ Dtree အတိုင်း click သွားပါ ။
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\i8042prt\Parameters
Parameters ဆိုတဲ့ folder လေးကို နိုပ်ပြီးရင် အောက်ပါအတိုင်း ပေါ်လာပါမယ်။

ညာဘက်က နေရာလွတ်လေးမှာ R-Click လုပ်ပြီး “New”->”DWORD Value” နိုပ်ပါတယ် ။ name ကို CrashOnCtrlScroll လို့ပေးလိုက်ပါတယ်။ CrashOnCtrlScroll ကို D-Click နိုပ်လိုက်ပြီး Value data မှာ 1 ဖြည့်လိုက်ပါတယ် ။

ပြီးရင် Restart လုပ်လိုက်ပါ။ boot ပြန်တက်လာရင် Ctrl ကီးလေးကို ဖိထားပြီး Scroll Lock ကီးကို နှစ်ခါ ဆက်တိုက် နိုပ်ပေးလိုက်ပါ။ BSOD ပေါ်လာပါလိမ့်မယ် ။
BSOD အကြောင်း ဒီထက်ပို သိချင်ရင်တော့ Microsoft ကိုပဲသွားကြည့်လိုက်ပါ။
No comments:
Post a Comment