ကျွန်တော့
ဆွေးနွေးချက်များထဲမှာ Group Policy ကို Registry ကပိတ်နည်း နဲ့ Registry ကို
Group Policy ကနေပိတ်နည်း ကိုတင်ပြခဲ့ပါတယ်
နှစ်ခုလုံးပိတ်ချင်ရင် Registry ရော Group Policy ရော ဖွင့်ထားပါ
Group Policy ကနေ Registry ကိုပိတ်ပါ Regisrty ကနေ Group Policy ကိုပိတ်ပါ
ပြီးရင် Restart ပြန်လုပ်လိုက်ပါ Window ပြန်တက်လာတဲ့အခါ နှစ်ခုလုံး ဖ၊ွင့်မရတော့တာကိုတွေ့ ရပါမယ်
အဲဒိလို Group Policy ရော Registry ရော နှစ်ခုလုံးကို ပိတ်ထားခဲ့ရင် ဘယ်လိုပြန်ဖွင့်ရမလဲဆိုရင် iRepairMan မှာပါတဲ့ Registry Cleaner ဒါမှမဟုတ် တစ်ခြား Registry Cleaner တစ်ခုခုနဲ့  Registry ကို ပြန်ပြင်လိုက်ရင် ရပါတယ်
စမ်းကြည့်ချင်တဲ့ ညီအစ်ကိုမောင်နှမ များကတော့ Registry Cleaner ဆောင်ထားပြီးမှ လုပ်ကြပါလို့ ပြောပါရစေ

danger
မဟုတ်ပါဘူး
လုပ်ချင်ရင် registry ကို backup လုပ်ပြီးတော့ လုပ်လို့ ရပါတယ်
မှားသွားတဲ့အခါ registry ကိုပြန်ဖြည်လိုက်ရင် အရင်အတိုင်းပြန်ဖြစ်သွားမှာပါ
backup လုပ်ဖို့အတွက် registry ဖွင့်ပြီးရင် Highlight ကို My Computer မှာရှိနေပါစေ
File menu ဖွင့်ပြီးတော့ Export ကို ဖွင့်လိုက်ပါ
ဘယ်မှာသိမ်းမှာလဲမေးပါလိမ့်မယ်
နာမည်တစ်ခုခုပေးပြီးတော့သိမ်းလိုက်ပါ
file extension က .reg ဖြစ်ပါတယ်
္ဒဒါဆိုရင်တော့ စိတ်ချလက်ချ လုပ်လို့ရပါပြီ
မှားသွားလို့ အရင်အတိုင်းပြန်ဖြစ်ချင်ရင်တော့ ခုန backup လုပ်ထားတဲ့ registry ဖိုင်ကို right click ထောက်ပြီး Merge ပြန်လုပ်ပေးလိုက်ရုံပါဘဲ
အားလုံးအဆင်ပြေကြပါစေခင်ဗျာ

No comments:
Post a Comment